The Green Mile (1999)
(unicode)
The Green Mile (1999) မြန်မာစာတန်းထိုး
********************************
The Green Mile (1999) မြန်မာစာတန်းထိုး
********************************
IMDB: 8.6 WoW 😳
Old But Gold
(ဇာတ်ကားကောင်းကောင်း ရုပ်ထွက်ကောင်းကောင်း
စာတန်းထိုးအမှန် ရုပ်ရှင်တွေကို စုဆောင်းနေသူများ
မဖြစ်မနေ ဒေါင်းလုတ်ဆွဲ ယူထားသင့်ပါတယ်)

ကျနော်တို့ဂြိုဟ်ကမ်ဘာမှာ တရားသဖြင့် ဆိုတဲ့စကားဟာ တကယ်ရှိရဲ့လား။ လူသားတစ်ယောက်နဲ့တစ်ယောက်
နှိပ်စက်သတ်ဖြတ်ကြတာ ၊ အားငယ်သူကို အားကြီးသူက ညှဉ်းပန်းတာ ၊ မတရားမှုမှန်းသိသိကြီးတောင် ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ရာ အင်အားမလုံလောက်တာ ။

ကျနော်တို့မျက်စိရှေ့လေးတင်မှာပဲ မတရားမှုကို
တွန်းလှန်နိုင်တဲ့ အင်အား နည်းပါးလို့ ကျရှုံးခဲ့ရပြီးသူတွေ ဘယ်လောက်လောက် ရှိနေပြီလဲ။
ကျနော်တို့ တတ်နိုင်သရွေ့ကယ်တင်ခဲ့လား။
မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ ဒါမှမဟုတ် သင်ဟာ တစ်ပါးသူနာကျင်မှုအကြီးစားနဲ့ ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့ အရသာခံကြည့်တတ်သူလား။
ကဲ အခု ကျနော်ဇာတ်ကားဟောင်းတစ်ခုအကြောင်း
နည်းနည်း ပြန်ပြောပြမယ်လေ။

The Green Mile ဆိုတဲ့ ခြောက်အုပ်တွဲ ဝတၳုထဲက
ပထမတွဲကို ၁၉၉၆ ခုနှစ် မတ်လကုန်လောက်မှာ စထုတ်တယ်။ ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက် လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။
ဒါနဲ့ စာရေးဆရာ Stephen King ရဲ့ The Green Mile အခန်းဆက်ဝတၳုရှည်ဟာ ကမ်ဘာကျော်သွားခဲ့တယ်။
၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့အကောင်းဆုံး ဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လို့ကြေငြာထားတဲ့
Warner Bros ကနေ The Green Mile အမည်နဲ့ ဇာတ်လမ်းတစ်ပုဒ် စတင်ဖြန့်ချိလာတယ်။
Fantasy crime drama အမျိုးအစားပေါ့။

ဝတၳုရော ဇာတ်လမ်းရောက Paul Edgecombe လို့
အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးက သူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင် ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန် ဇာတ်လမ်းတည်ထားတယ်။
အင်းစိန်ထောင်ထဲမှာ အပြင်လူတွေ မသိနိုင်တဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေနဲ့ တချို့ထူးဆန်းအံ့သြဖွယ် ရင်နာဖွယ်အဖြစ်တွေ ၊ တရားရေးနဲ့ဥပဒေရဲ့အားပျော့ကွက်တွေကို တဆင့်ပြန်ကြားနေရပုံနဲ့ ခပ်ဆင်ဆင်ပေါ့။

ပေါလ်ဟာ ၁၉၃၂ခုနှစ်များတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။
သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကို သေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။
အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့
ဥပဒေနဲ့လူ့ နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြား အလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ် ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။
ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့ အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊ အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါ လိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။ အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှ သက်သေအထောက်အထား ခိုင်လုံနေခဲ့ရင်လည်းခံပေါ့။ ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။ လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။
တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာ အကြီးဆုံးဒိုင်ဖြစ်တဲ့ အဲဒီဥပဒေဆိုတဲ့ကောင်ဆီမှာတောင် မရှိဘူး။

ဒါဆို ဘာလို့ဥပဒေထားနေတော့မှာလဲ။
ဘာလို့ဥပဒေထားနေတော့မှာလဲဆိုတော့ အသိဉာဏ်နည်းတဲ့ တိရိစၧာန်ထက် စိတ်ဓာတ်အထားအသို ပိုနိမ့်ကျတဲ့
လူ့တိရိစၧာန်တွေ ရှိနေလို့ပေါ့။ ဒီတော့လည်းလက်ခံကြရုံပေါ့။

ဒီဇာတ်ကားက ဘာသာရေးကိုလည်း အတန်ငယ် တိမ်းညွှတ်ထားတယ်။ low-angel လို့ပဲ ခေါ်ကြစို့ရဲ့။
အဲဒီတစ်ယောက်ဟာ သေဒဏ်ကျခံဖို့ရာ တရားခံမှားယွင်းရောက်ရှိလာသူ ။ တန်ဖိုးမြင့် တန်ခိုးအာနုဘော် ရှိသူ၊ ထွားကျိုင်းသန်မာပြီး အရပ် ခြောက်ပေ ရှစ်လက်မရှိတဲ့
လူမည်းကြီးပေါ့။ ဂျွန်ကော်ဖီတဲ့ ။ John Coffey ပေါ့။ သူ့နံမည်ကလွဲလို့ ကျန်တဲ့စာကို မဖတ်တတ်ရှာသူကြီးပေါ့။
သူ့နံမည်ကိုမေးတိုင်း ”ဂျွန်ကော်ဖီပါခင်ဗျာ။ သောက်တဲ့ ကော်ဖီနဲ့အသံထွက်တူပါတယ်။ စာလုံးပေါင်းတော့မတူပါဘူး။” လို့ လေးတိလေးကန် ယဉ်ယဉ်ကျေးကျေး ပြန်ပြောတတ်သူကြီးပေါ့။
ဘဝမှာ တစ်ခါဘူးမျှ ရုပ်ရှင်မကြည့်ဖူးသူကြီးပေါ့။
လူတိုင်းကို ချိုချိုသာသာနဲ့ မျက်ရည်တွေဝိုင်းပြီး
သနားကရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်သူကြီးပေါ့။ ကိုယ်တိုင်ကတော့ သူတပါးအခက်အခဲတွေကို တတ်နိုင်သလောက် အစွမ်းကုန် ကူညီကယ်တင်ခဲ့ပေမဲ့ ကိုယ့်အလှည့်မှာတော့ ကူညီကယ်တင်သူ မရှိရှာဘဲ ဘုရားသခင်လိုပဲ သူတစ်ပါးအပြစ်အတွက် ကိုယ့်ကိုကိုယ် စွန့်ပစ်လိုက်ရသူ သနားစရာ လူထွားကြီးပေါ့။

သေဒဏ်ကျခံဖို့ ရောက်နေတဲ့ တခြားအကျဉ်းသား လေးငါးခြောက်ယောက်လည်း ရှိသပေါ့။ သူတို့လည်း သူတို့အကြောင်းနဲ့သူတို့ပေါ့။ သေဖို့နောက်ဆုံးနေ့ရက်နဲ အချိန်အတိအကျကို သိသိကြီးနဲ့စောင့်နေကြရတဲ့ အထီးကျန်လူသားများပေါ့။ ရဒ်အင်ဒီးယန်းတယောက်ပါတယ်၊ ထောင်ထဲက ကြွက်စုတ်လေးတစ်ကောင်အပေါ် သူ့ရဲ့အဖော်အဖြစ် နောက်ဆုံးထွက်သက်ထိ သံယောဇဉ်တကြီး တွယ်ဖက်သွားတဲ့ လူတစ်ယောက်ပါတယ်၊ ဆေးအမြဲကွဲနေတဲ့ ဆေးဘဲတစ်ပွေပါတယ်၊ စသဖြင့်ပေါ့လေ။ သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူ ကူစောင့်ပေးရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ ထောင်ဝန်ထမ်း အရာရှိများရဲ့ ဖြစ်တည်မှုပေါ့။
ဇာတ်ကားကြည့်ရင် ငိုတတ်တဲ့အကျင့် သင်တို့မှာရှိလား။
ကျနော်ကတော့ တစ်ယောက်ထဲ ဇာတ်ကားကြည့်မှ စိတ်ကိုလွှတ်ပြီး ကြည့်လေ့ရှိတယ်။ ကိုယ်မျက်ရည်ကျတာကို သူများမလှောင်စေဖို့ပေါ့။ သင်ဟာ အကယ်၍ အဲဒီလို ခံစားမှု အားကောင်းသူဆိုရင် ၊ မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်ပေါ့။ သင်တို့ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ ငိုကြွေးရမယ်။ အထီးကျန်ဆန်ရမယ်။ သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကို ကွပ်မျက်တဲ့ပုံစံက လျှပ်စစ်ကုလားထိုင်မှာ တကိုယ်လုံးကို ဝါယာကြိုးတွေနဲ့ စည်းပြီး စီရင်တဲ့ပုံစံပဲ။

သူတို့ကို စီရင်နေချိန်မှာ သူတို့ရဲ့ အသားတွေကို လျှပ်စစ်ဖြတ်စီးသွားရာကနေ ရလာတဲ့ လူသားညှော်နံ့တွေကို သင်တို့နှာခေါင်းထဲ ရလာလိမ့်မယ်။ သေခြင်းတရားကို ဘယ်လောက်ပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့တွေးထားထား တကယ့်သေခြင်းတရားဟာ ဗို့အားထောင်ချီပြီး လျှပ်စီးကြောင်းတွေအဖြစ် ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာချိန်မှာ အသက်ဓာတ်လေးနဲ့ လက်ရှိဖြစ်တည်မှုလေးအပေါ် ဖက်တွယ်ထားချင်သေးတဲ့ စိတ်က ဟုတ်ခနဲ တောက်ကြွလာမယ်။ သူတို့ရဲ့သေခြင်းတရားအပေါ် ရင်ဆိုင်ကြပုံဟာ ဒီလိုပါလားလို့ သင်တို့ အလန့်တကြားတွေ့ရမယ်။ လောကကြီးရဲ့ တရားမျှတမှုအပေါ်မှာလည်း သံသယဝင်ကောင်း ဝင်လာနိုင်သေးတယ်။
ဇာတ်ညွှန်းသမားနံမည်ကို အရင်မိတ်ဆက်စို့ရဲ့။ ဒီဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ ဇာတ်ညွှန်းခွဲသူကတော့ Frank Darabont ပါတဲ့။ နံမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တာမို့ ဒီဇာတ်ကားကို အစအဆုံး သူပဲဇာတ်ညွှန်းခွဲ သူပဲရိုက်ကူးခဲ့တာဖြစ်တယ်။ ပရိုဂျူဆာလည်း သူပဲ။ John Coffey နေရာမှာ Michael Clarke Duncan, supporting roles နေရာတွေမှာ David Morse, Bonnie Hunt, Jamrs Cromwell နဲ့ အသက်ကြီးသွားတဲ့ ပေါလ်အဒ်ခ်ျကုမ့်ဘ် နေရာမှာတော့ မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။
ကြုံတုန်း ထည့်ပြောရမယ်ဆိုရင် Dabbs Greer ဟာ အဲဒီကားမှာ သရုပ်ဆောင်စဉ်အချိန်မှာ အသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ရှိနေပြီမို့ ဒါဟာ သူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တယ်တဲ့။

ဒီဇာတ်ကားရဲ့အားကြီးတဲ့ သက်ရောက်မှုကြောင့် အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ပြောင်းလဲခဲ့တယ်။ ဝတၳုမှာတင် အောင်မြင်ပြီးသား ကမ်ဘာကျော်ပြီးသား The Green Mile ဟာ ဇာတ်လမ်းအနေနဲ့လည်း အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ် Michael Clarke Duncan (John Coffey) တို့ ရရှိခဲ့တယ်။
ကန်ဒေါ်လာ သန်း ၆၀ ကုန်ကျခံရိုက်ကူးခဲ့ပြီး ဝင်ငွေ ၂၉၀.၇ သန်း ကန်ငွေ ပြန်ရခဲ့တယ်။ မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်။ ကြည့်ပြီးရင်လည်း ထပ်ကြည့်ချင်တတ်တဲ့ ကားမျိုးပါ။

Credit Review
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
The Green Mile (1999) ျမန္မာစာတန္းထိုး
********************************
The Green Mile (1999) ျမန္မာစာတန္းထိုး
********************************
IMDB: 8.6 WoW 😳
Old But Gold
(ဇာတ္ကားေကာင္းေကာင္း ႐ုပ္ထြက္ေကာင္းေကာင္း
စာတန္းထိုးအမွန္ ႐ုပ္ရွင္ေတြကို စုေဆာင္းေနသူမ်ား
မျဖစ္မေန ေဒါင္းလုတ္ဆြဲ ယူထားသင့္ပါတယ္)

က်ေနာ္တို့ၿဂိဳဟ္ကမၻာမွာ တရားသျဖင့္ ဆိုတဲ့စကားဟာ တကယ္ရွိရဲ့လား။ လူသားတစ္ေယာက္နဲ႔တစ္ေယာက္
ႏွိပ္စက္သတ္ျဖတ္ၾကတာ ၊ အားငယ္သူကို အားႀကီးသူက ညႇဥ္းပန္းတာ ၊ မတရားမွုမွန္းသိသိႀကီးေတာင္ ဝင္မစြက္ရဲတာ / ဝင္စြက္ဖို့ရာ အင္အားမလုံေလာက္တာ ။

က်ေနာ္တို့မ်က္စိေရွ႕ေလးတင္မွာပဲ မတရားမွုကို
တြန္းလွန္နိုင္တဲ့ အင္အား နည္းပါးလို့ က်ရွုံးခဲ့ရၿပီးသူေတြ ဘယ္ေလာက္ေလာက္ ရွိေနၿပီလဲ။
က်ေနာ္တို့ တတ္နိုင္သေရြ႕ကယ္တင္ခဲ့လား။
မျမင္ခ်င္ေယာင္ေဆာင္ခဲ့ၾကလား။ ဒါမွမဟုတ္ သင္ဟာ တစ္ပါးသူနာက်င္မွုအႀကီးစားနဲ႔ ညည္းတြားေနတာကို လၽွာေလးတသပ္သပ္နဲ႔ အရသာခံၾကည့္တတ္သူလား။
ကဲ အခု က်ေနာ္ဇာတ္ကားေဟာင္းတစ္ခုအေၾကာင္း
နည္းနည္း ျပန္ေျပာျပမယ္ေလ။

The Green Mile ဆိုတဲ့ ေျခာက္အုပ္တြဲ ဝတၳဳထဲက
ပထမတြဲကို ၁၉၉၆ ခုႏွစ္ မတ္လကုန္ေလာက္မွာ စထုတ္တယ္။ ထုတ္ထုတ္ၿပီးခ်င္းပဲ ဒုတိယတြဲအတြက္ လူေတြ အုတ္ေအာ္ေသာင္းနင္း ရင္ခုန္ၾကသတဲ့။
ဒါနဲ႔ စာေရးဆရာ Stephen King ရဲ့ The Green Mile အခန္းဆက္ဝတၳဳရွည္ဟာ ကမၻာေက်ာ္သြားခဲ့တယ္။
၁၉၉၉ ဒီဇင္ဘာမွာ စၾကဝဠာရဲ့အေကာင္းဆုံး ဇာတ္လမ္းေကာင္းေတြကိုပဲ ထုတ္လုပ္တယ္လို့ေၾကျငာထားတဲ့
Warner Bros ကေန The Green Mile အမည္နဲ႔ ဇာတ္လမ္းတစ္ပုဒ္ စတင္ျဖန႔္ခ်ိလာတယ္။
Fantasy crime drama အမ်ိဳးအစားေပါ့။

ဝတၳဳေရာ ဇာတ္လမ္းေရာက Paul Edgecombe လို့
အမည္ရတဲ့ ေထာင္ဝါဒါေဟာင္းတစ္ဦးက သူ႔ရဲ့မိတ္ေဆြျဖစ္သူကို ၁၉၃၀ ဝန္းက်င္ ကာလေတြတုန္းက အေမရိကရဲ့ တရားစီရင္ေရးနဲ႔ ခၽြတ္ေခ်ာ္တိမ္းပါးမွုေတြ ၊ အမွားအယြင္းနဲ႔အားနည္းခ်က္ေတြအေၾကာင္းကို ျပန္ေျပာျပေနဟန္ ဇာတ္လမ္းတည္ထားတယ္။
အင္းစိန္ေထာင္ထဲမွာ အျပင္လူေတြ မသိနိုင္တဲ့ အရမ္းစိတ္ဝင္စားဖို့ေကာင္းတဲ့ အေၾကာင္းေတြနဲ႔ တခ်ိဳ့ထူးဆန္းအံ့ၾသဖြယ္ ရင္နာဖြယ္အျဖစ္ေတြ ၊ တရားေရးနဲ႔ဥပေဒရဲ့အားေပ်ာ့ကြက္ေတြကို တဆင့္ျပန္ၾကားေနရပုံနဲ႔ ခပ္ဆင္ဆင္ေပါ့။

ေပါလ္ဟာ ၁၉၃၂ခုႏွစ္မ်ားတုန္းကေတာ့ ငယ္ရြယ္သန္မာတဲ့ ေထာင္ဝါဒါ လူလတ္ပိုင္းတစ္ဦးေပါ့။
သူႀကီးၾကပ္ရတဲ့ ဝါ့ဒ္က ေသဒဏ္က် အက်ဥ္းသားေတြကို ေသဒဏ္မေပးခင္ ယာယီခ်ဳပ္တဲ့ ဝါ့ဒ္ေပါ့။
အင္မတန္ စည္းကမ္းထားရၿပီး တင္းၾကပ္ထားတဲ့
ဥပေဒနဲ႔လူ႔ ႏူးညြတ္မွု စိတ္ခံစားခ်က္ႏွစ္ခုၾကား အလယ္တည့္တည့္မွာ ၊ ဒါမွမဟုတ္ ဥပေဒဘက္ျခမ္းမွာ မတ္မတ္ေနေပးရတဲ့ ေနရာေပါ့။
ဒီေနရာဟာ ေသဒဏ္က်ခံ အက်ဥ္းသားေတြရဲ့ အထီးက်န္ဆန္မွုေတြ၊ ေနာင္တနဲ႔ ညည္းတြားသံေတြ၊ အားငယ္စိတ္ပ်က္ဟန္ေတြၾကား ေထာင္အုပ္ခ်ဳပ္သူတို့ပါ လိုက္ၿပီး ယိမ္းယိုင္မသြားေအာင္ ဟန္ခ်က္လိုက္ညႇိေနရတဲ့ ေနရာေပါ့။ အျပစ္လုပ္ခဲ့ရင္လည္းခံ၊ မလုပ္ခဲ့သည္ရွိေသာ္မွ သက္ေသအေထာက္အထား ခိုင္လုံေနခဲ့ရင္လည္းခံေပါ့။ ဥပေဒဟာ တကယ့္ကို စာအုပ္ႀကီးပဲ။ လူသားခ်င္း စာနာေထာက္ထားစိတ္ သူ႔မွာမရွိဘူး။
တခါတေလမွာ စစ္မွန္တဲ့ တရားမၽွတမွုဆိုတာ အႀကီးဆုံးဒိုင္ျဖစ္တဲ့ အဲဒီဥပေဒဆိုတဲ့ေကာင္ဆီမွာေတာင္ မရွိဘူး။

ဒါဆို ဘာလို့ဥပေဒထားေနေတာ့မွာလဲ။
ဘာလို့ဥပေဒထားေနေတာ့မွာလဲဆိုေတာ့ အသိဉာဏ္နည္းတဲ့ တိရိစၧာန္ထက္ စိတ္ဓာတ္အထားအသို ပိုနိမ့္က်တဲ့
လူ႔တိရိစၧာန္ေတြ ရွိေနလို့ေပါ့။ ဒီေတာ့လည္းလက္ခံၾက႐ုံေပါ့။

ဒီဇာတ္ကားက ဘာသာေရးကိုလည္း အတန္ငယ္ တိမ္းညႊတ္ထားတယ္။ low-angel လို့ပဲ ေခၚၾကစို့ရဲ့။
အဲဒီတစ္ေယာက္ဟာ ေသဒဏ္က်ခံဖို့ရာ တရားခံမွားယြင္းေရာက္ရွိလာသူ ။ တန္ဖိုးျမင့္ တန္ခိုးအာႏုေဘာ္ ရွိသူ၊ ထြားက်ိဳင္းသန္မာၿပီး အရပ္ ေျခာက္ေပ ရွစ္လက္မရွိတဲ့
လူမည္းႀကီးေပါ့။ ဂၽြန္ေကာ္ဖီတဲ့ ။ John Coffey ေပါ့။ သူ႔နံမည္ကလြဲလို့ က်န္တဲ့စာကို မဖတ္တတ္ရွာသူႀကီးေပါ့။
သူ႔နံမည္ကိုေမးတိုင္း ”ဂၽြန္ေကာ္ဖီပါခင္ဗ်ာ။ ေသာက္တဲ့ ေကာ္ဖီနဲ႔အသံထြက္တူပါတယ္။ စာလုံးေပါင္းေတာ့မတူပါဘူး။” လို့ ေလးတိေလးကန္ ယဥ္ယဥ္ေက်းေက်း ျပန္ေျပာတတ္သူႀကီးေပါ့။
ဘဝမွာ တစ္ခါဘူးမၽွ ႐ုပ္ရွင္မၾကည့္ဖူးသူႀကီးေပါ့။
လူတိုင္းကို ခ်ိဳခ်ိဳသာသာနဲ႔ မ်က္ရည္ေတြဝိုင္းၿပီး
သနားက႐ုဏာသက္ဟန္နဲ႔ေျပာတတ္ ၾကည့္တတ္သူႀကီးေပါ့။ ကိုယ္တိုင္ကေတာ့ သူတပါးအခက္အခဲေတြကို တတ္နိုင္သေလာက္ အစြမ္းကုန္ ကူညီကယ္တင္ခဲ့ေပမဲ့ ကိုယ့္အလွည့္မွာေတာ့ ကူညီကယ္တင္သူ မရွိရွာဘဲ ဘုရားသခင္လိုပဲ သူတစ္ပါးအျပစ္အတြက္ ကိုယ့္ကိုကိုယ္ စြန႔္ပစ္လိုက္ရသူ သနားစရာ လူထြားႀကီးေပါ့။

ေသဒဏ္က်ခံဖို့ ေရာက္ေနတဲ့ တျခားအက်ဥ္းသား ေလးငါးေျခာက္ေယာက္လည္း ရွိသေပါ့။ သူတို့လည္း သူတို့အေၾကာင္းနဲ႔သူတို့ေပါ့။ ေသဖို့ေနာက္ဆုံးေန႔ရက္နဲ အခ်ိန္အတိအက်ကို သိသိႀကီးနဲ႔ေစာင့္ေနၾကရတဲ့ အထီးက်န္လူသားမ်ားေပါ့။ ရဒ္အင္ဒီးယန္းတေယာက္ပါတယ္၊ ေထာင္ထဲက ႂကြက္စုတ္ေလးတစ္ေကာင္အေပၚ သူ႔ရဲ့အေဖာ္အျဖစ္ ေနာက္ဆုံးထြက္သက္ထိ သံေယာဇဥ္တႀကီး တြယ္ဖက္သြားတဲ့ လူတစ္ေယာက္ပါတယ္၊ ေဆးအျမဲကြဲေနတဲ့ ေဆးဘဲတစ္ေပြပါတယ္၊ စသျဖင့္ေပါ့ေလ။ သူတို့ရဲ့ေနာက္ဆုံးခ်ိန္ေတြကို သူတို့နဲ႔အတူ ကူေစာင့္ေပးရင္း သူတို့ျဖစ္ခ်င္တဲ့ ေနာက္ဆုံးဆႏၵေတြကို တတ္နိုင္တဲ့ဘက္က ဝိုင္းျဖည့္ေပးေနၾကတဲ့ ေထာင္ဝန္ထမ္း အရာရွိမ်ားရဲ့ ျဖစ္တည္မွုေပါ့။
ဇာတ္ကားၾကည့္ရင္ ငိုတတ္တဲ့အက်င့္ သင္တို့မွာရွိလား။
က်ေနာ္ကေတာ့ တစ္ေယာက္ထဲ ဇာတ္ကားၾကည့္မွ စိတ္ကိုလႊတ္ၿပီး ၾကည့္ေလ့ရွိတယ္။ ကိုယ္မ်က္ရည္က်တာကို သူမ်ားမေလွာင္ေစဖို့ေပါ့။ သင္ဟာ အကယ္၍ အဲဒီလို ခံစားမွု အားေကာင္းသူဆိုရင္ ၊ မၾကည့္ရေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ေပါ့။ သင္တို့ၾကည္ႏူးရမယ္။ ဝမ္းနည္းရမယ္။ ငိုေႂကြးရမယ္။ အထီးက်န္ဆန္ရမယ္။ ေသဒဏ္က်ခံရတဲ့ အက်ဥ္းသားေတြကို ကြပ္မ်က္တဲ့ပုံစံက လၽွပ္စစ္ကုလားထိုင္မွာ တကိုယ္လုံးကို ဝါယာႀကိဳးေတြနဲ႔ စည္းၿပီး စီရင္တဲ့ပုံစံပဲ။

သူတို့ကို စီရင္ေနခ်ိန္မွာ သူတို့ရဲ့ အသားေတြကို လၽွပ္စစ္ျဖတ္စီးသြားရာကေန ရလာတဲ့ လူသားေညႇာ္နံ့ေတြကို သင္တို့ႏွာေခါင္းထဲ ရလာလိမ့္မယ္။ ေသျခင္းတရားကို ဘယ္ေလာက္ပဲ ႀကံ့ႀကံ့ခံ ရင္ဆိုင္ဖို့ေတြးထားထား တကယ့္ေသျခင္းတရားဟာ ဗို့အားေထာင္ခ်ီၿပီး လၽွပ္စီးေၾကာင္းေတြအျဖစ္ ကိုယ့္ခႏၶာကိုယ္ထဲ ဝင္လာခ်ိန္မွာ အသက္ဓာတ္ေလးနဲ႔ လက္ရွိျဖစ္တည္မွုေလးအေပၚ ဖက္တြယ္ထားခ်င္ေသးတဲ့ စိတ္က ဟုတ္ခနဲ ေတာက္ႂကြလာမယ္။ သူတို့ရဲ့ေသျခင္းတရားအေပၚ ရင္ဆိုင္ၾကပုံဟာ ဒီလိုပါလားလို့ သင္တို့ အလန႔္တၾကားေတြ႕ရမယ္။ ေလာကႀကီးရဲ့ တရားမၽွတမွုအေပၚမွာလည္း သံသယဝင္ေကာင္း ဝင္လာနိုင္ေသးတယ္။
ဇာတ္ညႊန္းသမားနံမည္ကို အရင္မိတ္ဆက္စို့ရဲ့။ ဒီဇာတ္ကားနဲ႔ေအာ္စကာရခဲ့တဲ့ ဇာတ္ညႊန္းခြဲသူကေတာ့ Frank Darabont ပါတဲ့။ နံမည္ေက်ာ္ ဒါရိုက္တာတစ္ေယာက္လည္းျဖစ္တာမို့ ဒီဇာတ္ကားကို အစအဆုံး သူပဲဇာတ္ညႊန္းခြဲ သူပဲရိုက္ကူးခဲ့တာျဖစ္တယ္။ ပရိုဂ်ဴဆာလည္း သူပဲ။ John Coffey ေနရာမွာ Michael Clarke Duncan, supporting roles ေနရာေတြမွာ David Morse, Bonnie Hunt, Jamrs Cromwell နဲ႔ အသက္ႀကီးသြားတဲ့ ေပါလ္အဒ္ခ္်ကုမ့္ဘ္ ေနရာမွာေတာ့ မင္းသားႀကီး Dabbs Greer တို့ပါဝင္သ႐ုပ္ေဆာင္ထားတယ္။
ၾကဳံတုန္း ထည့္ေျပာရမယ္ဆိုရင္ Dabbs Greer ဟာ အဲဒီကားမွာ သ႐ုပ္ေဆာင္စဥ္အခ်ိန္မွာ အသက္ရွစ္ဆယ့္ႏွစ္ႏွစ္အရြယ္ ရွိေနၿပီမို့ ဒါဟာ သူေနာက္ဆုံးသ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားလည္းျဖစ္တယ္တဲ့။

ဒီဇာတ္ကားရဲ့အားႀကီးတဲ့ သက္ေရာက္မွုေၾကာင့္ အေမရိကရဲ့ တရားစီရင္ေရးစနစ္အခ်ိဳ့ေျပာင္းလဲခဲ့တယ္။ ဝတၳဳမွာတင္ ေအာင္ျမင္ၿပီးသား ကမၻာေက်ာ္ၿပီးသား The Green Mile ဟာ ဇာတ္လမ္းအေနနဲ႔လည္း အေကာင္းဆုံးဇာတ္ကားဆု၊ အေကာင္းဆုံး အသံဆု၊ အေကာင္းဆုံး ဇာတ္ညႊန္းဆုနဲ႔ အေကာင္းဆုံး ဇာတ္ပို့ဆုအျဖစ္ Michael Clarke Duncan (John Coffey) တို့ ရရွိခဲ့တယ္။
ကန္ေဒၚလာ သန္း ၆၀ ကုန္က်ခံရိုက္ကူးခဲ့ၿပီး ဝင္ေငြ ၂၉၀.၇ သန္း ကန္ေငြ ျပန္ရခဲ့တယ္။ မၾကည့္ရေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ ၾကည့္ေစခ်င္တယ္။ ၾကည့္ၿပီးရင္လည္း ထပ္ၾကည့္ခ်င္တတ္တဲ့ ကားမ်ိဳးပါ။

Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI

Comments
Post a Comment