Forrest Gump (1994)
Forrest Gump (1994) မြန်မာစာတန်းထိုး
--------------------------------------------
IMDB 8.8 wow 😳
Old But Gold (ဂန္တဝင်ရုပ်ရှင်ကားကြီး)
ကောင်းလွန်းလို့ လင့်ပြန်ချိတ်ပေးလိုက်ပါတယ်

Blu-Ray Quality ( Link Update )
"ကျွန်တော့်အမေက အမြဲပြောတယ် ဘဝဆိုတာ ရသာစုံချောကလက်ဘူးလိုပဲ။ မစားကြည့်ဘဲနဲ့ ဘာအရသာဆိုတာ မသိနိုင်ဘူးတဲ့။"
- Forrest Gump
- - - - - - - - - - - - - - - - - - - - - - - -
လေဆောင်ရာ တလွင့်လွင့်ပါလာတဲ့ ငှက်မွေးဖြူဖြူလေးရယ် ဆဗားနားမြို့တစ်နေရာက ဘတ်စ်ကားစောင့်တဲ့ ခုံတန်းလေးရယ် ဒီခုံတန်းပေါ်မှာ လက်ဆွဲအိတ်ကိုဘေးချ ချောကလက်ဘူးကို ပေါင်ပေါ်တင်ထားပြီး ဖိနပ်မှာလည်းရွှံ့အလူးလူးနဲ့ ဘတ်စ်ကားထိုင်စောင့်နေတဲ့သူရယ်။
ဒီလိုအစချီပြောရုံနဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေဟာ Forrest Gump ကိုပြေးမြင်မိကြမှာ သေချာပါတယ်။

Life is like a box of choclates ဆိုတာရယ်
Stupid is as stupid does ဆိုတာရယ်ကို
မကျက်ရဘဲ အလွတ်ရနေမှာသေချာပါတယ်။
Stupid is as stupid does ဆိုတာရယ်ကို
မကျက်ရဘဲ အလွတ်ရနေမှာသေချာပါတယ်။
စာရေးဆရာ ဝင်စတန်ဂရွန်း(မ်)ဟာ သူ့ရဲ့
ဇာတ်ကောင် Forrest Gump ကို စတင်ဖန်တီးခဲ့စဉ်က အောင်မြင်မယ်လို့မထင်ထားခဲ့သလို ဝတၳုကိုလည်း Warner Bros.ကုမ္ပဏီကို ခပ်ပေါပေါဈေးနဲ့ရောင်းပစ်ခဲ့တယ်။ ဝင်စတန်ရဲ့ဝတၳုမှာ ဖောရက်စ်ဟာ IQ စစ်ဆေးမှုမှာ ၇၀ ပဲရခဲ့လို့ ဒီကောင်လေးဟာ ကျပ်မပြည့်တဲ့ကောင်သော်လည်းကောင်း ပြားကိုးဆယ်ကောင်သော်လည်းကောင်း ဖြစ်လိမ့်မယ်လို့ ယူဆခံရတဲ့ ကောင်လေးတစ်ယောက်ပါ။ သူက ဉာဏ်သာလေးပေမယ့် လူကောင်ကတော့ ထွားကျိုင်းလိုက်ပါဘိ ဆိုရမလောက် ၁၆ နှစ်သားမှာ အရပ် ၆ပေနဲ့ ၆လက်မ ကိုယ်အလေးချိန်က ၂၄၂ ပေါင်ဖြစ်နေပြီ။ သူ့အဖေက သူမွေးပြီးမကြာမီ ဆိပ်ကမ်းမှာ ကုန်ချရင်းနဲ့ ငှက်ပျောသီးသေတ္တာပိပြီး ကွယ်လွန်တယ်။ အဖမဲ့သား ငထုံလေးဖောရက်စ်ဟာ မိခင်ကိုပဲ အမှီပြုနေရင်း ဂျင်နီကာရန်ဆိုတဲ့သူငယ်ချင်းမလေးရခဲ့တယ်။ ကံကောင်းထောက်မပြီး ကောလိပ်တက်ခွင့်ရခဲ့တယ်။ အလာဘားမားတက္ကသိုလ်အသင်း နည်းပြ Bear Bryant လို ပုဂ္ဂိုလ်ကနေ သမ္မတတွေ အကျော်အမော်တွေနဲ့ ထိတွေ့ဆက်ဆံခွင့်ပါရခဲ့ပြီး
ကျပ်မပြည့်ဘူးလို့ အများကထင်တဲ့ကောင်လေးဟာ သူရဲကောင်းဘွဲ့ရ ဗီယက်နမ်စစ်ပြန်ပင်ပေါင်ချန်ပီယံ အာကာသယာဉ်မှူး ကြေးစားနပန်းသမား စစ်တုရင်အကျော်အမော်ဖြစ်ခဲ့ရုံသာမက Bubba-Gump ပုစွန်လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး ငယ်သူငယ်ချင်းဂျင်နီနဲ့ ညားပြီး သားတစ်ယောက်ပါရခဲ့တဲ့ ဘဝစွန့်စားခန်းတွေကို
သရော်တော်တော်ရေးထားတဲ့ ဝင်စတန်ဂရွန်း(မ်)ရဲ့
ဝတၳုဟာအောင်မြင်မှု ရသင့်သလောက်ရခဲ့ပေမယ့်
ရုပ်ရှင်အဖြစ်တော့ စွံလိမ့်မယ်လို့ မထင်ခဲ့ကြဘူး။

စာအုပ်မထွက်ခင်ကတည်းက Warner Bros.က
ရုပ်ရှင်ရိုက်ဖို့ဝယ်ထားပေမယ့် ချောင်ထိုးထားခဲ့ပြီး Paramount ကို လက်လွှဲရောင်းလိုက်တဲ့အခါမှ
Forrest Gump ဟာ ရုပ်ရှင်ဖြစ်ဖို့နီးစပ်လာတယ်။

ဇာတ်ညွှန်းရေးဆရာတွေ အလီလီပြောင်း ဒါရိုက်တာတွေ
အမျိုးမျိုးနဲ့ ချိတ်ဆက်ခဲ့ပေမယ့် ၁၉၉၃ အဝင်အထိ
ရုပ်ရှင်ဖြစ်မလာသေးဘူး။ Forrest Gump အဖြစ်
Johntra Volta ကို ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ၁၉၉၃ ခုနှစ်ထဲမှာတော့ ဒါရိုက်တာနဲ့သရုပ်ဆောင်ပါ အတည်တကျဖြစ်ပြီး ရိုက်ကူးနိုင်ခဲ့တယ်။ ဒါရိုက်တာက Robert Zemeckis Forrest Gump အဖြစ်သရုပ်ဆောင်မယ့်သူက ရုပ်ရှင်နယ်မှာ အောင်မြင်မှု အေးစက်စပြုလာတဲ့ Tom Hanks သူတို့ရိုက်ခဲ့တဲ့ ရုပ်ရှင်ဟာ ဒီနေ့ထိ အားလုံးရင်ထဲငြိမိကြတဲ့
Forrest Gump(1994)။
- - - - - - - - - - - - - - - - - - - - - - - - - -

Forrest Gump ကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့လုပ်တဲ့အခါ Robert Zemeckis က ဇာတ်ညွှန်းကို အသေအချာပြင်ခိုင်းပါတယ်။ ဇာတ်ညွှန်းဆရာ Eric Roth ရဲ့ Forrest Gump ဟာ Winston Groom ရဲ့ ဝတၳုကို အခြေခံထားပေမယ့် ဇာတ်ကောင်စရိုက်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲပစ်ခဲ့တာကို ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေကအစသဘောကျခဲ့ပြီး ဝတၳုနဲ့ ရုပ်ရှင် ခံစားချက်ခြင်း
အတော်ကွာခြားသွားစေတယ်။
အတော်ကွာခြားသွားစေတယ်။
Tom Hanks သရုပ်ဆောင်တဲ့ Forrest ဟာ ဝတၳုထဲက Forrest Gump ထက် ပိုရိုးအပြီး ပိုကြင်နာတတ်သလို ဉာဏ်လည်း ပိုလေးတဲ့ပုံဖန်တီးထားတယ်။
ဝတၳုထဲမှာ အသင်းဖော် အခန်းဖော် ကာတစ်ကို
ကားဘီးလဲတဲ့ကိစ္စမှာ ငါက တုံးပဲတုံးတာ မင်းလိုငပိန်းမှ မဟုတ်ဘဲလို့ ပြောနိုင်တဲ့အထိ လည်ပါတယ်။ ဉာဏ်လေးပေမယ့် နည်းနည်းစဉ်းစားရင် အားလုံးနားလည်ပြီး
ချရေးတဲ့အခါ စကားပြောတဲ့အခါမှ အဆီအငေါ်မတည့်ဖြစ်တယ်လို့ ဖောရက်စ်ကိုယ်တိုင်ပြောပါတယ်။

ဝတၳုထဲက ဖောရက်စ်နဲ့မတူဘဲ ရုပ်ရှင်ထဲကဖောရက်စ်ဟာ လူထွားကြီးမဟုတ်သလို ငယ်ငယ်ကခြေထောက်တွေသာခွေယိုင်နေတဲ့အတွက် သတၳုခြေထိန်းဝတ်ထားရတယ်။ ဝတၳုနဲ့မတူအောင် ပြင်ခဲ့ဖြုတ်ခဲ့တာတွေများပြီး ဖောရက်စ်ရဲ့ အမေဟာဝတၳုထဲမှာ သူ့သားကို ဉာဏ်ရည်မမီတဲ့ကလေးလို့ လက်ခံထားပေမယ့် ရုပ်ရှင်ထဲမှာတော့ သားအတွက် လူတန်းစေ့နေနိုင်အောင် ဘာမဆိုလုပ်နိုင်သူအဖြစ် ရိုက်ပြထားတယ်။ စစ်တုရင်ကစားတာတွေ၊ နာဆာမှာ အမှုထမ်းတာတွေကို ဖြုတ်ပစ်ခဲ့ပြီး အမေရိကကို ပတ်ပြေးတာကတော့ ဒါရိုက်တာက သူ့စိတ်ကူးနဲ့ဖြည့်ထားတာဖြစ်ပါတယ်။
ဝတၳုနဲ့ ရုပ်ရှင်လုံးဝမတူတာကတော့ ဇာတ်သိမ်းပါပဲ။
ဝတၳုထဲမှာတော့ ဂျင်နီနဲ့ သူ့သားလေးကို Forrest Gump နဲ့ ပြန်ဆုံပေးပြီး ဇာတ်သိမ်းလိုက်တယ်။
ဝင်စတန်ဂရွန်း(မ်) နောက်ထပ်ရေးတဲ့ Gump & Co မှာဖောရက်စ်တစ်ယောက် New Orleans Saints အသင်းမှာ အမေရိကန်ဘောလုံးကစားနေစဉ်မှာမှ ဂျင်နီဆုံးသွားပါတယ်။
ရုပ်ရှင်ထဲမှာတော့ ဂျင်နီတစ်ယောက် ဖောရက်စ်ဆီပြန်လာပြီး Little Forrest ကို သူ့အဖေဆီအပ်ထားခဲ့ပြီးမှ ဆုံးသွားပါတယ်။ တချို့ကလည်းAIDS နဲ့လို့ယူဆကြသလို ကင်ဆာနဲ့လို့လည်း ယူဆကြတယ်။

ပရိသတ်တွေ အထင်လွဲအခံရဆုံး ဇာတ်ကောင်က
ဂျင်နီပါပဲ။ ဂျင်နီဟာ ဘယ်လိုမိန်းကလေးမှန်းမသိဘူး နားလည်ရခက်တယ် လျှောက်သွားတယ် ယောက်ျားတကာနဲ့ပျော်တယ် နောက်ဆုံးမှဖောရက်စ်ဆီပြန်လာတယ်လို့ ထင်ကြသူတွေရှိတယ်။
တကယ်တော့ ဂျင်နီဟာ ကံဆိုးမလေးပါ။

"ဂျင်နီ့အဖေက ယာသမားလို့ပြောတယ်။ သိပ်ချစ်တတ်တဲ့လူတဲ့။ ဂျင်နီတို့ ညီအစ်မတွေကို အမြဲ ဖက်လိုက် နမ်းလိုက်နဲ့ဆိုပဲ။"
- Forrest Gump
- Forrest Gump
ဖခင်ရဲ့ စိတ်ဓာတ်ယုတ်ညံ့မှုကြောင့် (ဖောရက်စ်သိသလောက်ပဲ ရုပ်ရှင်မှာပြထားတာမို့ ဘယ်အတိုင်းအတာထိဆိုတာ မသိရဘူး။) စိတ်ဒဏ်ရာရထားတဲ့ ဂျင်နီဟာ ဘဝတစ်လျှောက် ဖောရက်စ်လိုအေးချမ်းမှုမရခဲ့ပါဘူး။
ခိုလှုံရာ ဖခင်ရှိရက်နဲ့ ဘုရားသခင် ဒီနေရာကနေ ဝေးနိုင်သမျှဝေးဝေးပျံပြေးလို့ရအောင် ငှက်ငယ်လေးအဖြစ် အသွင်ပြောင်းဖန်ဆင်းပေးပါလို့ ဆုတောင်းခဲ့ရတဲ့ ဂျင်နီဟာ သူအရွယ်ရောက်ချိန်မှာ ငှက်တစ်ကောင်လို ပျံချင်ရာ ပျံတော့တာပဲ။ ဘဝမှာ ရည်မှန်းချက်ရေရေရာရာ
မရှိတော့ဘဲ သူလုပ်သမျှတွေဟာ တစ်ခုခုကို ဆန့်ကျင်တဲ့ လွတ်လပ်မှုတစ်ခုကို တိုက်ယူတဲ့ကိစ္စတွေချည်းဖြစ်လာတယ်။

ယောက်ျားတွေနဲ့ထည်လဲတွဲပေမယ့် ဘယ်ယောက်ျားကိုမှ သူမယုံခဲ့သလို အတောင်ညောင်းချိန်မှာ သူယုံတဲ့ဖောရက်စ်ဆီပဲပြန်လာတယ်။
"ခိုနားစရာပဲမရှိခဲ့လို့လား ပင်ပန်းလွန်းလို့လားမသိဘူး
နှစ်ပေါင်းများစွာမအိပ်ခဲ့ရတဲ့သူလို နာရီပေါင်းများစွာ
နှစ်နှစ်ခြိုက်ခြိုက် သူအိပ်ပြီးရင်းအိပ်ပါတော့တယ်။"
- Forrest Gump
နှစ်ပေါင်းများစွာမအိပ်ခဲ့ရတဲ့သူလို နာရီပေါင်းများစွာ
နှစ်နှစ်ခြိုက်ခြိုက် သူအိပ်ပြီးရင်းအိပ်ပါတော့တယ်။"
- Forrest Gump
ဘာပဲဖြစ်ဖြစ် လောကကြီးမှာ တစ်ယောက်တည်းကျန်ခဲ့တော့မယ့် ဖောရက်စ်အတွက် ဂျင်နီဟာ သားတစ်ယောက်မွေးပေးနိုင်ခဲ့ပါတယ်။ ဂျင်နီက Run, Forrest Run လို့ ပြောခဲ့ပေမယ့် သူလည်း တစ်ဘဝလုံး ငယ်ဘဝကနေ ထွက်ပြေးနေခဲ့တာပါပဲ။
- - - - - - - - - - - - - - - - - - - - - - - - - - -
ဝင်စတန်ဂရွန်း(မ်)ရေးခဲ့တဲ့ Forrest Gump က Gump & Co ဆိုပြီး ဇာတ်လမ်းဆက်ခဲ့ပါသေးတယ်။ ဂျင်နီနဲ့ညားပြီး Little Forrestလေးကို မွေးပြီး Forrest ဟာ လောကဓံကို ခံရသေးတယ်။ သူနဲ့စပ်တူလုပ်တဲ့ ဗိုလ်ကြီး(ဟောင်း) ဒန်းက ရှယ်ရာတွေရောင်းပြီးထွက်သွားတယ်။ ပုစွန်ဈေးကွက်ပျက်သွားပြီး ကုမ္ပဏီပျက်သွားတဲ့အခါ Forrest ခမျာ အဖော်အချွတ်ကလပ်တစ်ခုမှာ အစောင့်လုပ်ရတဲ့ဘဝ ရောက်သွားတယ်။
အဲဒီကနေစပ်မိလို့ အမေရိကန်ဘောလုံး
လောကမှာ ပြန်ကစားဖြစ်ပေမယ့် ပွဲကစားနေတုန်း
ဂျင်နီဆုံးတဲ့သတင်းရောက်လာတာနဲ့ သူစိတ်ထိခိုက်ပြီး အမှားလုပ်မိလို့ အသင်းက ကန်ထုတ်ခံလိုက်ရတယ်။
အိမ်ပေါက်စေ့ စွယ်စုံကျမ်းလိုက်ရောင်းတဲ့အလုပ်၊ ကိုကာကိုလာ ဖော်မျူလာရှာပေးတဲ့ အလုပ်တွေလုပ်ပြီး
နိုင်ငံရေးထဲ အူကြောင်ကြောင်ပါမိလို့ ထောင်ထဲရောက်လိုက်သေးတယ်။ Big ဆိုတဲ့ ရုပ်ရှင်နဲ့အောင်မြင်လာတဲ့ မင်းသားငယ်လေးက သူ့အကြောင်းကို ရုပ်ရှင်ရိုက်တယ် ဆိုတာတွေလည်းပါပါသေးတယ်။ သူ့ရဲ့ဗိုလ်ကြီးဒန်းနဲ့ ပြန်တွေ့ပြီး ပင်လယ်ကွေ့စစ်ပွဲအထိ Forrest ပါသွားသလို
သူ့ရဲ့ဗိုလ်ကြီးဒန်းကတော့ သူ့ရဲ့ရှေးမွန်မဆွက ဆန္ဒအတိုင်း စစ်မြေပြင်မှာ တကယ်သေခွင့်ရသွားတယ်။ Forrest ကတော့ သူ့ဗိုလ်ကြီးကို သတိရသောအားဖြင့် ကရုကမာတွေဖမ်းတဲ့လုပ်ငန်း ထူထောင်ရင်း အရှေ့ဂျာမနီသူဂရက်ချန်နဲ့ နောက်အိမ်ထောင်ထူခွင့်ရသွားပုံနဲ့ ဇာတ်လမ်းအဆုံးသတ်ထားတယ်။

ဝင်စတန်ဂရွန်း(မ်)ရဲ့ ၁၉၉၅ ခုနှစ်ထုတ်
ဒီ Forrest Gump နောက်ဆက်တွဲမှာ ပထမဆုံး
စာသားက မှားအောင်ပဲရိုက်ရိုက် မှန်အောင်ပဲ
ရိုက်ရိုက် ကိုယ့်ဘဝကို ရုပ်ရှင်အဖြစ်ရိုက်ခွင့်
ဘယ်တော့မှ မပေးနဲ့ဆိုတဲ့စကားနဲ့ စထားတယ်။
Forrest Gump ရုပ်ရှင်ရိုက်တုန်းက အမြတ်ရဲ့
၂ ရာခိုင်နှုန်းကို ပေးမယ်လို့ စာချုပ်ထဲမှာပါတဲ့အတိုင်း
မရခဲ့လို့ စာရေးဆရာနဲ့ ပြဿနာတွေဖြစ်ခဲ့ပြီး
၂၀၀၁ ခုနှစ်မှာမှ နောက်ဆက်တွဲ Gump & Co ကို
Eric Roth က ဇာတ်ညွှန်းရေးခွင့်ရပါတယ်။
ဇာတ်ညွှန်းထဲမှာ သရုပ်ဆောင် Tom Hanks နဲ့
Forrest Gump တွေ့ကြတာတွေ အော်စကာ
ဆုပေးပွဲကို Forrest တက်ရတာတွေပါတယ်လို့
သိရတယ်။ ဒါရိုက်တာ Robert Zemeckis နဲ့
Tom Hanks ကတော့ Forrest Gump
ရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်သိမ်းပြီးသားဖြစ်ပြီး
ထပ်မရိုက်သင့်ဘူးလို့ ယူဆကြတယ်။ ဒုတိယကားမှာ
ဒီလိုလှလှပပနဲ့ စွဲငြိကျန်ခဲ့အောင် ဖန်တီးဖို့
မဖြစ်နိုင်ဘူးလို့ ယူဆကြတယ်။

အကြောင်းကြောင်းကြောင့် ၁၇ နှစ်ကြာတဲ့အထိ
Gump & Co ဟာ ရိုက်ကွင်းပေါ်ရောက်မလာတဲ့ အပြင် ရိုက်ဖြစ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတလေမှာ အလှအပကို တစ်ကြိမ်ပဲ
ဖန်တီးလို့ရပါတယ်။ ထပ်ပြင်ရင် ပျက်စီးတတ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - -
Gump & Co ဟာ ရိုက်ကွင်းပေါ်ရောက်မလာတဲ့ အပြင် ရိုက်ဖြစ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတလေမှာ အလှအပကို တစ်ကြိမ်ပဲ
ဖန်တီးလို့ရပါတယ်။ ထပ်ပြင်ရင် ပျက်စီးတတ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - -
ပရိသတ်အကြား အငြင်းပွားမှု အများဆုံးရုပ်ရှင်ထဲမှာ Forrest Gump လည်း ပါပါတယ်။ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေက ဒီရုပ်ရှင်မှာနိုင်ငံရေးသရော်မှုတွေ ပုံဆောင်ပြမှုတွေမပါဘဲ လူ့ဘဝကိုသာရည်ညွှန်းတဲ့ လွမ်းဆွတ်ကြည်နူးစရာ ရုပ်ရှင်သက်သက်ပါလို့ ဆိုကြပေမယ့် ခပ်ပါးပါး သရော်ချက်တွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ ဝင်စတန်ဂရွန်း(မ်)လို ဗီယက်နမ်စစ်ပွဲအကြောင်း ကောင်းကောင်းသိသူဟာ ဟာသသက်သက်မရေးသလို Robert Zemeckis လို ဒါရိုက်တာကလည်း ပညာသားပါပါပြတတ်ပါတယ်။
ဝေဖန်ရေးဆရာတွေရဲ့ထောက်ပြမှုတွေက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။
Forrest Gump ရုပ်ရှင်ဟာ ပထမအကြိမ်ကြည့်ရင် ရယ်စရာပျော်စရာ ဖြစ်နေလိမ့်မယ်။ ဒုတိယအကြိမ် ကြည့်ရင် ပြုံးစရာဖြစ်မယ်။ တတိယအကြိမ်ကြည့်မိရင် လေးလေးနက်နက်ခံစားစရာတွေ တွေ့လာမယ်လို့ဆိုကြပါတယ်။ ဒါရိုက်တာ Robert Zemeckis က Forrest Gump ကို ရယ်စရာဖြစ်အောင်မရိုက်ထားဘူးလို့ ပြောဖူးပါတယ်။
ဝေဖန်သူတချို့ရဲ့အမြင်မှာ ဖောရက်စ် အိမ်ဖြူ တော်မှာ သမ္မတကနေဒီနဲ့တွေ့ရချိန် Dr.Pepper ၁၅ ပုလင်းသောက်ပြီး ဆီးသွားမှဖြစ်တော့မယ်ဆိုတာဟာ ဟာသသက်သက် မဟုတ်သလို ဗီယက်နမ်မှာဗိုလ်ကြီးဒန်းကိုကယ်ထုတ်ချိန် ဖောရက်စ်ရဲ့ တင်ပါးကိုသေနတ်မှန်တာဟာ Symbolism ကို လှလှပပ သုံးပြတာလို့ တချို့ကယူဆကြတယ်။ ဘယ်ကိစ္စမဆို ဆန့်ကျင်တော်လှန်ရေးဘက်က ပါခဲ့ပြီး နောက်ဆုံးမှ ဖောရက်စ်ဆီရောက်လာတဲ့ ဂျင်နီဟာအမေရိကန်မှာ Liberalism ကျဆုံးခြင်းကိုထောက်ပြတာလားလို့ ယူဆကြပါတယ်။
ပရိသတ်တွေကြားမှာတော့ ဘဝဟာ ရသာစုံချောကလက်ဘူးနဲ့ တူတယ်ဆိုတဲ့ ဒိုင်ယာလော့ဟာ
တွေးစရာတွေဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်တဲ့အမြင်တွေ အက်ဆေးတွေ ရေးကြတာလည်း ပွထလို့ပါပဲ။ မူရာကာမိရဲ့ Norwegian Wood မှာတောင် ပါပါသေးတယ်။

ချောကလက်ရဲ့မူရင်းအရသာဟာ ခါးရာကနေ ချိုလာတာလား ချိုရင်းနဲ့ခါးလာတာလား ဒါမှမဟုတ် ချိုခါးလေလား။ ရသာစုံချောကလက်ဘူးထဲက ချောကလက်တွေလို ဘယ်ဟာက ဘယ်လိုအရသာမှန်း မသိဘဲ စားကြည့်မှသိရသလို ဘဝရဲ့နေ့ရက်တွေဟာလည်း နေကြည့်မှ သိရပါတယ်။ တချို့က ကျေနပ်စရာဖြစ်ချင်ဖြစ်မယ်၊ တချို့ကတော့ မနှစ်သက်စရာဖြစ်ချင်ဖြစ်မယ်။
Forrest Gump ရုပ်ရှင်ဟာ ဒီလိုတွေးစရာတွေပါပါတယ်။ တချို့ကတော့ ဖောရက်စ်ကို ဉာဏ်လေးတဲ့ ငထုံဖြစ်ချင်ဖြစ်မယ်၊ ကံသိပ်ကောင်းတယ် ဘာလုပ်လုပ်ဖြစ်တယ်လို့ ထင်ကြတယ်။ တကယ်တော့ ဖောရက်စ်ခမျာ သိပ်ကံမကောင်းပါဘူး။ သူ့ရဲ့အားသာချက်က အာရုံမထွေပြားတာ တစ်ခုဆို တစ်ခုပဲအာရုံစိုက်တာဖြစ်ပါလိမ့်မယ်။ ဆရာကြီးရွှေဥဒေါင်းလေသံနဲ့ ပြောရရင် တစ်ချောင်းတည်းသော စိတ်ရှိတာပါပဲ။ ဂျင်နီက ပြေးဆို ပြေးလိုက်တာပဲ ကျန်တာမစဉ်းစားဘဲ ပြေးတာကို အားသွန်ခွန်စိုက်လုပ်သလို ပင်ပေါင်ကစားတာကိုလည်း နေ့နေ့ညည အားသွန်ခွန်စိုက်ကစားတယ်။ ဘဲကို ရေထဲ
ချလိုက်သလိုပဲလို့ တစ်ဆေးရုံလုံးက ပြောတယ်။

Forrest Gump ရုပ်ရှင်မှာ ဘဝဆိုတာသတ်မှတ်ပြီးသားရှိနေတဲ့ ကံကြမ္မာရဲ့ စီမံရာလား လောကဓံ လေပင့်ရင် တက်ပြီး လေဖိရင်သက်ရတဲ့ ငှက်မွေးလေး လိုလား ဒါမှမဟုတ် ဒီနှစ်ခုလုံးပဲလားဆိုတဲ့ ပုစၧာကို ပေးထားခဲ့ပါသေးတယ်။
Symbolism အဖြစ် ပြထားတဲ့ ငှက်မွေးလေးဟာ
ဖောရက်စ်ရဲ့ဖြူစင်မှုကိုပြရုံလား လေကသယ်ချင်ရာသယ်သွားပေမယ့် ဘယ်သူ့ကိုမှလည်းမထိခိုက် ဘယ်သူကမှလည်း ထိခိုက်အောင် မလုပ်နိုင်တဲ့သဘောကို ပြတာလား အမျိုးမျိုးယူဆကြပါတယ်။ ဒါမှမဟုတ် ဘဝဆိုတာ Forrest Gump ပြေးသလို ပန်းတိုင်ရယ်လို့ရှိတာမဟုတ်ဘဲ ရပ်တည်ခြင်း ပဟေဠိတွေရဲ့အဖြေကိုစဉ်းစားရင်း ပြေးနေကြတာများလေလား။

Ref ~ Forrest Gump by Winston Groom
~ Gump & Co by Winston Groom
~ Movie by the book: Forrest Gump
from Bob's Poetry Magazine
from Bob's Poetry Magazine
Forrest Gumpဟာ Best Director, Best Actor, Best Picture, Best Visual Effect, Best Adpted Screenplay, Best Film Editing စုစုပေါင်း ၆ဆု
အော်စကာဆွတ်ခူးခဲ့သလို Robert Zemeckis,
Tom Hanks နဲ့ Composer Alan Silvestri တို့ရဲ့ အနုပညာသည်ဘဝကို အမြင့်ဆုံးကိုပို့ပေးနိုင်ခဲ့ပါတယ်။

အညွှန်းကိုတေ့ာ M-MDB ရဲ့ Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
Quality – Blu-Ray 1080P 6CH
Running Time – 2h 22min
Format – mkv
Genre – Drama, Romance
Subtitle – Myanmar (Hard Sub)
Running Time – 2h 22min
Format – mkv
Genre – Drama, Romance
Subtitle – Myanmar (Hard Sub)
Credit
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI

Comments
Post a Comment