Home (2015)
(unicode)
Home (2015) မြန်မာစာတန်းထိုး
---------------------------------------
ကာတွန်းကားဆိုတာ ကြည့်တဲ့သူတိုင်းကို ပျော်ရွှင်မှုပေးနိုင်ပါတယ် .. ကလေးတွေအတွက် Target ထားထားတာမို့လို့ ကာတွန်းကားအားလုံးနီးပါးက Happy Ending လေးတွေနဲ့ပါ .. ကာတွန်းကားလေးတွေက ဝမ်းနည်းစရာတွေကို မေ့ပျောက်စေနိုင်ပြီး ကြည်နူးပျော်ရွှင်စရာလေးတွေကို အမြဲယူဆောင်လာပေးနိုင်စွမ်း ရှိပါတယ် …
.
.
ကာတွန်းကားကောင်းတစ်ကားဆိုတာ ပျော်ရွှင်ကြည်နူးမှုအပြင် ဘဝသင်ခန်းစာတွေရော ဝမ်းနည်းဝမ်းသာရသပေါင်းစုံကိုပါ ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားတစ်ကားပါ .. ကလေးတွေတင်မဟုတ်ပဲ လူငယ်တွေကြားထဲထိပါ အောင်မြင်ခဲ့တဲ့ကာတွန်းကားကောင်းတွေ အများကြီးပါ .. Finding Nemo, Toy Story, WALL•E, Up, Dispicable Me, Frozen စသည်စသည်ဖြင့် အများကြီးပါ .. ပြီးခဲ့တဲ့နှစ်က Big Hero 6 အောင်မြင်မှုကို မှတ်မိကြဦးမှာပါ .. တစ်ကားလုံးလည်း ရယ်ရတယ် .. ဝမ်းနည်းရတဲ့အခန်းလေးတွေဆိုလည်း နင့်နေအောင် ခံစားတယ် .. သင်ခန်းစာတွေလည်း အများကြီး ရခဲ့ကြပါတယ် …
.
.
အခု Home ဆိုတဲ့ကာတွန်းကားလေးကလည်း အားလုံးရဲ့ရင်ထဲကို ရောက်ဦးမယ့် ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်လာဦးမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်
.
.
.
Boov လို့ ခေါ်တဲ့ ခြေထောက် 6 ချောင်း, အရပ်ပုပုနဲ့ ချစ်စရာ ခရမ်းရောင်ဂြိုဟ်သားမျူ ိးနွယ်စုလေးက သူတို့ရဲ့ရန်သူဂြိုဟ်သားတွေဆီကနေ အမြဲတမ်း ပြေးရှောင်နေကြရတဲ့သူတွေပါ .. နောက်ဆုံးမှာ သူတို့ရန်သူ ရှာမတွေ့နိုင်လောက်တဲ့ဂြိုဟ် ‘ကမ္ဘာ’ ကို တွေ့သွားတော့ လူတွေကို အကုန်ဖမ်းပြီး ကမ္ဘာကို သိမ်းပိုက်လိုက်ပါတော့တယ် .. Tip လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ပဲ သူ့ရဲ့ကြောင်လေးနဲ့အတူ တိမ်းရှောင်နိုင်ခဲ့ပါတယ် .. တစ်ချိန်ထဲမှာပဲ Oh လို့ ခေါ်တဲ့ Boov ဂြိုဟ်သားလေးကလည်း သူ ခဏခဏ အမှားလုပ်မိပြီး အားလုံးဒုက္ခရောက်ကြလွန်းလို့ တစ်ဂြိုဟ်လုံးက သူ့ကို ဖမ်းမိန့်ထုတ်ထားတာမို့ ရှောင်ပြေးနေရသူပါ .. မထင်မှတ်ပဲ သူတို့ 2 ယောက် ဆုံတွေ့ကြတဲ့အခါမှာ Tip ကလည်း သူ့အမေကို လိုက်ရှာဖို့အတွက် Oh ကလည်း လိုက်ဖမ်းနေတဲ့သူတွေလက်က လွတ်ဖို့အတွက် 2 ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကူညီရဖို့ အကြောင်းဖန်လာပါတော့တယ် … Tip တစ်ယောက် သူ့အမေကို ပြန်တွေ့ပါ့မလား .. Oh ကရော အားလုံးလက်က လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ကြပါဦးလို့
.
.
Tip အဖြစ် Rihanna က အသံသရုပ်ဆောင် ပါဝင်ထားပြီး Oh အဖြစ်ကတော့ The Big Bang Theory ထဲက ဟာသသရုပ်ဆောင် Jim Parsons က ကြိုးစားထားပါတယ် .. Tip ရဲ့အမေအဖြစ် Jennifer Lopez လည်း ပါပါသေးတယ် .. ဇာတ်ဝင်တေးလေးတွေက ဇာတ်ကားနဲ့ အရမ်းလိုက်ဖက်လွန်းပါတယ် .. JLo ရဲ့သီချင်း ‘Feel the Light’ ဆို အခု ကျွန်တော့်ရဲ့Fav Song တောင် ဖြစ်သွားပါပြီ.
.
အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါးရယ်ချင်လို့ပဲ ဖြစ်ဖြစ် မောင်နှမသူငယ်ချင်းတွေနဲ့အတူတူကြည့်ဖို့ပဲဖြစ်ဖြစ် ဒီ Home ဆိုတဲ့ ကာတွန်းကားကောင်းလေးကို ညွှန်းပေးပါရစေဗျ

File Size – 1.5 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 34min
Format – mkv
Genre – Adventure, Animation, Comedy
Subtitle – Myanmar (Hard Sub)
Translator – Hnin Wai Wai Aung
Encoded By – H.A.M
Quality- Blu Ray 1080p 6CH
Running Time – 1hr 34min
Format – mkv
Genre – Adventure, Animation, Comedy
Subtitle – Myanmar (Hard Sub)
Translator – Hnin Wai Wai Aung
Encoded By – H.A.M
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1

(zawgyi)
---------------------------------------
.
.
.
.
.
.
.
Boov လို့ ခေါ်တဲ့ ခြေထောက် 6 ချောင်း, အရပ်ပုပုနဲ့ ချစ်စရာ ခရမ်းရောင်ဂြိုဟ်သားမျိုးနွယ်စုလေးက သူတို့ရဲ့ရန်သူဂြိုဟ်သားတွေဆီကနေ အမြဲတမ်း ပြေးရှောင်နေကြရတဲ့သူတွေပါ .. နောက်ဆုံးမှာ သူတို့ရန်သူ ရှာမတွေ့နိုင်လောက်တဲ့ဂြိုဟ် ‘ကမ္ဘာ’ ကို တွေ့သွားတော့ လူတွေကို အကုန်ဖမ်းပြီး ကမ္ဘာကို သိမ်းပိုက်လိုက်ပါတော့တယ် .. Tip လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ပဲ သူ့ရဲ့ကြောင်လေးနဲ့အတူ တိမ်းရှောင်နိုင်ခဲ့ပါတယ် .. တစ်ချိန်ထဲမှာပဲ Oh လို့ ခေါ်တဲ့ Boov ဂြိုဟ်သားလေးကလည်း သူ ခဏခဏ အမှားလုပ်မိပြီး အားလုံးဒုက္ခရောက်ကြလွန်းလို့ တစ်ဂြိုဟ်လုံးက သူ့ကို ဖမ်းမိန့်ထုတ်ထားတာမို့ ရှောင်ပြေးနေရသူပါ .. မထင်မှတ်ပဲ သူတို့ 2 ယောက် ဆုံတွေ့ကြတဲ့အခါမှာ Tip ကလည်း သူ့အမေကို လိုက်ရှာဖို့အတွက် Oh ကလည်း လိုက်ဖမ်းနေတဲ့သူတွေလက်က လွတ်ဖို့အတွက် 2 ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကူညီရဖို့ အကြောင်းဖန်လာပါတော့တယ် … Tip တစ်ယောက် သူ့အမေကို ပြန်တွေ့ပါ့မလား .. Oh ကရော အားလုံးလက်က လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ကြပါဦးလို့
.
.
.

👇👇👇👇👇
👇👇👇👇👇

Comments
Post a Comment